ဖြစ်ပေါ်လာပုံ
ယနေ့ခေတ်လူငယ်အများစုမှာဘုရားကျောင်းနှင့်ဝေးခြင်း၊ ဘုရားကျောင်းသို့လာရာတွင်လည်းတာဝန်အရလာခြင်း နှင့် မှားယွင်းသောအမြင်အယူအဆဖြင့်ရောက်လာရှိကြသည်ကိုမြင်တွေ့ရသဖြင့် လူငယ်များအား စစ်မှန်သောဘုရားကိုသိခြင်းမဟုတ်ပဲေတွ့ခြင်းဖြင့် နည်းလမ်းမှန်ကန်စွာအသင်းတော်သို့ရောက်ရှိလာဖို့ရန် အတွက်လူငယ်အစီစဉ်အားအစပြုခဲ့ပါသည်။
ပြုလုပ်ပုံ
လူငယ်အစီစဉ်အား တစ်သတ်မတ်တည်းပြုလုပ်ခြင်းမဟုတ်ပဲ ခေါင်းစဉ် သို့မဟုတ် ကျမ်းချက်တစ်ခုအားအဖွဲ့လိုက်ဆွေးနွေးခြင်း၊ အဖွဲ့လိုက်ဆုတောင်းခြင်း၊ မိဿဟာရဆိုင်ရာဂိမ်းများအတူဆော့ကစခြင်း၊ အစားအသောက်ပြုလုပ်စားခြင်း၊ အလည်ထွက်ခြင်း နှင့် သီချင်းသီဆိုခြင်းအစီစဉ် စသည်ဖြင့်ပြုလုပ်ဆောင်ပါသည်။
ရည်ရွယ်ချက်
လူငယ်များသည် လက်ရှိ online/ social media များနှင့်အချိန်ကုန်နေခြင်းကိုမဖြစ်စေလိုပဲ လူငယ်အစီစဉ်အားဖြင့် စစ်မှန်သောအသင်းတော် ခရစ်တော်၏မိသားစုအထဲမှနွေးထွေးမှု ရင်းနှီးမှု ဘုရားနှင့်အကျွမ်းဝင်ပြီး ဝိညာဉ်ရေးရာတိုးတက်စေရန်၊ နယ်စပ်ရွှေ့ပြောင်းဖြစ်သည့်အားလျော်စွာ ခဏတာလာေရာက်တွေ့ဆုံကြရာတွင် စစ်မှန်သောနှုတ်ကပတ်တော်ကိုရရှိပြီး ရောက်သည့်အရပ်တွင် ထိုနှုတ်ကပတ်တော်အတိုင်း အသက်ရှင်သွားလာပြီးမှအလင်းဖြစ်စေရန် နှင့် အသင်းတော်တို့လာရောက်သည့်လူငယ်များအေနနှင့်တစ်ယောက်နှင့်တစ်ယောက် ခင်မင်ပြီးမှ ပညာရေးအမြင် အလုပ်အကိုင်အတွေ့အကြုံစသည်များကိုဖလှယ်ပြီးကူညီဖေးမစေလိုသောရည်ရွယ်ချက်ဖြင့်လုပ်လုပ်ဆောင်နေပါသည်။