Sunday School သည် ကျွန်ုပ်တို့အနှစ်သက်ဆုံးဓမ္မအမှုတစ်ခုဖြစ်သည်။ မဲဆောက်(ထိုင်းနယ်စပ်)ရှိ ကျေးရွာများနှင့် ရပ်ရွာများရှိ ကလေးတိုင်းထံ အရောက်လှမ်းပါသည်။ မဲဆောက်မှာ စစ်ဘေးရှောင် မိသားစုတွေ အများကြီးရှိတယ်။ မိဘများသည် လယ်ယာလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းကဲ့သို့ နေ့စားအလုပ်သမားများဖြစ်ကြသည်။ မိဘတို့ သည်အလုပ်လုပ်နေချိန်မှာ ကလေးတွေကိုအိမ်မှာ ထာခဲ့ပါတယ်။ လုံခြုံမှူမရှိပါဘူး။ ဒါကြောင့် ပိတ်ရက်တွေမှာ ကလေးတွေကို ဘုရားကျောင်းကို ခေါ်သွား၊ သီချင်းတွေ သင်ပေးတာ၊ ကျမ်းစာပုံပြင်တွေ ပြောပြတာ၊ အဆာပြေကျွေးတာတွေ လုပ်ပေးပါတယ်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့သည် မိဘများထံရောက်ရှိနိုင်ပြီး မိတ်သဟာယဖွဲ့ရန်နှင့် ဧဝံဂေလိတရားဝေမျှရန် အခွင့်အရေးရှိသည်။